ဒီလောကဓံပုံပြင်စာတမ်းလေးနဲ့ပဲ ဒီနေရမှာ နှုတ်ဆက်ခဲ့ပါတယ်။ မြန်မာပြည်မှာ အခြေအနေပေးလို့၊ ဘလော့လည်းဖွင့်ရလို့ အခွင့်ကြုံရင်တော့ ရေးရအုန်းမှာပေါ့လေ။ လူတိုင်းဟာ ဘ၀ရဲ့ လောကဓံနဲ့ မကင်းနိုင်ပါဘူးနော်.။ အဲဒီတော့ ဒီလောကဓံ ပုံပြင်လေးကို ဖတ်ပြီး...စာဖတ်သူ သူငယ်ချင်းးများ ဘ၀ရဲ့ လောကဓံအထွေထွေကို အပြုံမပျက် ရင်ဆိုင် ကျော်လွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကို လက်ဆွဲပြီး မီးဖိုချောင်းထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို သည်အတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှာမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ကြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်၊ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက် လှည့်တဲ့ပြီး မေးလိုက်တယ်။
“ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”
သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်၊ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ…”လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို ခွဲခိုင်းပြန်တယ်၊ အပေါ်က အကာကိုခွါလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီးဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်ရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေ ဘာကို ပြောချင်တာလဲဟင်….”
လက်ဖက်ရည်ကြမ်းကို အရသာခံရင် သမီး မအောင့်နိုင်တော့ဘဲ မေးလိုက်မိပါတော့တယ်။
ဖအေက ရှင်းပြတယ်။
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်းတည်း၊ တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
“မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ…ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ…”
“ကြက်ဥကကျတော့ ရေနွေးထဲမရောက်ချင်က အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲသည်ပျော့အိအိအတွင်းသားတွေအားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့…”
“အေး…လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော အဲသည်ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲ ပစ်လိုက်တယ်…”
“ကဲ..အမေ့ သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ သမီး။ အဲသည် လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား သမီးဘာသာစဉ်းစား ပေတော့ကွယ်…”
ပုံပြင်လေးကတော့ ဒါပါပဲ။
စာဖတ်သူ သူငယ်ချင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာကျောကျော တောင့်တောင့် တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလို လူစားလား၊ အစတုန်းကတော့ ထိလွယ် ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်၊ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊ စီးပွားရေးစသည် ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့ နောက်မှာတော့ နင်လားဟဲ့….လောကလဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့ စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင် ကြက်ဥနဲ့ ပြုတ်ပြီးသား ကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူစားမျိုး ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူ သူငယ်ချင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်တာမျိုးလေ၊ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ လက်ဖက်ရည် အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လို လူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေနေကို ဖန်းတီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။
ကဲ….ဒီစာဖတ်သူ သူငယ်ချင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။။
တာ့တာ သူငယ်ချင်း
Tuesday, August 26, 2008
လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
Saturday, August 23, 2008
နှုတ်ဆက်ခဲ့ပါတယ်
အမိမြေရဲ့ ပြင်ပတစ်နေရာမှာ မွေးဖွားခဲ့တဲ့ ဘလော့လေးရေ အခြေအနေအရ အမေ့သားလေး နှုတ်ဆက်ခဲ့ပါတယ်နော်၊
လောကသဘောတရားအရ တွေ့ကြုံပြီးရင် ခွဲခွာရစမြဲနော်။ ယခု အမေ့သားလေးလည်း ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဒီဘလော့လေးနဲ့ ခွဲရတော့မယ်လေ။ ကိုယ်ဖန်တီးခဲ့တဲ့ ဘလော့လေးနဲ့ ပျော်ချင်ပေးမယ့် ကိုယ်မပိုင်တဲ့ အခြေအနေအရ ဒီလကျော်ရင် ဘလော့လေးနဲ့ ပျော်နိုင်မှာမဟုတ်ပါဘူး။ မင်းလေးနဲ့လည်း အဖော်မလုပ်နိုင်တော့ပါဘူးကွယ်။ ဘယ်တတ်နိုင်မှာလေ။
နောက်ဆုံးတစ်နေ့မှာ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပဲ ခွဲထားခဲ့ရမှာဘဲလေ။
ဘာပဲဖြစ်ဖြစ် လာရောက်လည်ပတ်သူအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့...အမေ့သားလေး ဆုတောင်းပေးခဲ့ပါတယ်နော်...
Goodbyeလို့ သူငယ်ချင်းအားလုံးကိုလည်း နှုတ်ဆက်ခဲ့ပါတယ်...
Thursday, August 14, 2008
ရှေးရှေးတုန်းက လိပ်ပုံပြင်
လူတွေဟာ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင်
ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ အဲဒီတော့.....
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့
ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ
ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။
နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို
ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ
တစ်ခုကို ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို
ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ
ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။
ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့
သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့
အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး
တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ
လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခုတောင်းပြီးမှ
သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း
အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက
သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်...
ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက
ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့
ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး
အော်ပြောလိုက်ပါတယ်။
"တွေ့လား! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ
ဆားသွားမယူတော့ဘူး..."
လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့
စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ
ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင်
ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။
Saturday, August 9, 2008
GOOD BYE LAPTOP
လူ့ရဲ့စိတ်သည် အမြဲတမ်း ပြောင်းလဲနေသလို့၊ ကမ္ဘာ့သိပ္ပံနည်းပညာတွေကလည်း အမြဲတမ်း ပြောင်းလဲနေပါတယ်။ ယခု ပြောင်းလဲလိုက်တဲ့ သိပ္ပံနည်းပညာက ဘောလ်ပင်ငါးချောင်းကနေ လုပ်လိုက်သည်ကတော့.....
Look closely and guess what they could be!
Are they pens with cameras? NO.
Any wild guesses? No clue yet? NOT YET.
Ladies and gentlemen... congratulations!You've just looked into the future...yep that's right!
You've just seen something that will replace your PC in the near future.
Here is how it works:
In the revolution of miniature computers, scientists have made great developments with bluetooth technology...
These are the forthcoming computers you can carry in your pockets.
This 'pen type of instrument' produces both the monitor as well as the keyboard on any flat surface from where you can carry out functions you would normally do on your desktop computer.
Can anyone say .'Good-bye laptops!'?
Wednesday, August 6, 2008
မယုံရင် ပုံပြင်လို့သာမှတ်
ဘိုးဘိုးနဲ့ မြေးလေးတို့ရဲ့ ဟိုး---ရှေးရှေးတုန်းကပုံပြင်လေးရဲ့ အဆက်ပါ။
ဟို..ရှေးရှေးတုန်းကတဲ့
ငါ့မြေးရေ...အဘိုး...ဗဟုသုတအဖြစ် ငါ့မြေးတို့ခေတ်မှာ မတွေ့ရတော့တဲ့ မြန်မာအသုံးဆောင်တချို့ကို ကြည့်ဖို့ ပြတိုက်လိုက်ပို့ချင်တယ်။ သွားမလား ငါ့မြေး..၊ ဟုတ်ကဲ့ ဘိုးဘိုး သွားမယ်၊ ဒါဆို သွားကြစို့ ငါ့မြေး။
ငါ့မြေးကို အဘိုးပြချင်တာကတော့ ဒီမြန်မာငွေကြေး အကြွေစေ့လေးတွေပါဘဲ ငါ့မြေး၊ ဟုတ် ဘိုးဘိုး။
ငါ့မြေး အဘိုးတို့ ပြန်ကြစို့နော်- ဟုတ်ကဲ့ပါ ဘိုးဘိုး။
Tuesday, August 5, 2008
သိရင် အကျိုးရှိအောင် သုံး
သိတော့ သိတယ်။ အင်း.....သိလျက်နဲ့ မသုံးတော့... အကျိုး မရှိ၊ မခံစား ရတာပေါ့။ သူများနွား အငှားကျောင်းရတဲ့ နွားကျောင်းသား၊ နွားသာကျောင်းရပြီး....နွားနို့ မသောက်ရသလို၊ လယ်ယာမြေသာရှိပြီး မစိုက်ပျိုးတော့ အသီးအပွင့် မစားရတဲ့ လယ်ယာပိုင်ရှင်လိုလူမျိုးနဲ့ ဘာထူးတော့မလဲ။