mother's son: စစ်ကိုင်း ပြတ်ရွှေ့ကြော ငလျင်ဘေး
Showing posts with label စစ်ကိုင်း ပြတ်ရွှေ့ကြော ငလျင်ဘေး. Show all posts
Showing posts with label စစ်ကိုင်း ပြတ်ရွှေ့ကြော ငလျင်ဘေး. Show all posts

Thursday, July 17, 2008

စစ်ကိုင်း ပြတ်ရွှေ့ကြော ငလျင်ဘေး

တစ်ပူပေါ်တစ်ပူ အဆင့်ခံရအုန်းမည့် မြန်မာ့ကံကြမ္မရယ်။ နာဂစ်ဖြစ်ပြီးလို့ မကြာခင် နှစ်လအကျော်မှာ အခု ဘေးအန္တရာယ် သတိပေးသတင်းတစ်ခုက ပေါ်လာခဲ့ပြန်ပြီ။ ပြီးခဲ့တဲ့ နာဂစ်တုန်းကလည်း မိုးလေ၀သ ပညာရှင်တွေက ကြိုတင်ပြင်ဆင်ဖို့ စောစီးစွာအသိပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်တွေ လွတ်မထွက်နိုင်ခဲ့ကြပါဘူး။ အခုလည်း ဘူမိဘေဒပညာရှင်တွေက စစ်ကိုင်းပြတ်ရွှေ့ကြော ငလျင်အကြောင်းကို သတိပေးနေပါပြီ။ ဘယ်လို သတင်းအချက်အလက်တွေ ရှာဖွေစုဆောင်းပြီး ဘယ်လိုကြိုတင်ပြင်ဆင်ထားကြမလဲ?????????
မြန်မာပြည်အလယ်ပိုင်းရှိ စစ်ကိုင်း ပြတ်ရွှေ့မြေပြင်ကြောကြောင့် ငလျင်လှုပ်နိုင်ပြီး ငလျင်ဘေးကျရောက်ရင် ဘယ်လို ကြိုတင်ကာကွယ်မလဲဆိုတာ အရေးကြီးတယ်လို့ ပညာရှင်များက သတိပေးပြောကြားပါတယ်။
မြန်မာပြည်အလယ်ပိုင်း အထက်အောက် ဖြတ်သန်းတည်ရှိနေတဲ့ ပြတ်ရွှေ့ကျောကို “စစ်ကိုင်း”လို့ ဘူမိဘေဒပညာရှင်များက အမည်ပေးထားပါတယ်။ နာဂစ်လိုပဲ ဘူမိဘေဒပညာရှင်တွေက နာမည်တောင် ပေးပြီးနေပါပြီ။ ဒီပြတ်ရွှေ့ကျောကြောင့် အချိန်မရွေး ငလျင်လှုပ်နိုင်တယလို့ မြေငလျင်တိုင်းတာစောင့်ကြည့်ရေးဌာနက အရာရှိတစ်ဦးက ပြောကြားထားပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံကတော့ ငလျင်ကြောကြီးပေါ်မှာ ရှိနေတယ်ဗျ။ ငလျင်ကြောက အယ်လ်ဖိုက် (L5)ဆိုတဲ့ ငလျင်ကြောကြီးရှိတယ်။ ငလျင်ကြောကြီး ရှိနေတယ်ဆိုကတည်းက ငလျင်တွေ အများကြီးရှိခဲ့လို့လေ။ ဆိုတော့ ငလျင်က အချိန်မရွေး ပေါက်နိုင်တာပဲ။”
အချိန်မရွေး ငလျင်ကပ်ဘေးဆိုက်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်။ သဘာသဘေးဒဏ် ခံနိုင်ရည်ရှိတဲ့ အဆောက်အဦးစံချိန်စံညွန်း ပြဌာန်းရေး မြန်မာအင်ဂျင်နီယာများက ဆောင်ရွက်နေတယ်လို့ ငလျင်ပညာရှင် အရာရှိက ပြောပါတယ်။
“နံပါတ်တစ်ကတော့ အဆောက်အဦးကို ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ပေါ့ဗျာ။ Building Codeဆိုတော့ အင်ဂျင်နီယာတွေက လုပ်နေပါပြီ။”
မြန်မာနိုင်ငံမှာ မြေငလျင်ဒဏ်ခံနိုင်တဲအဆောက်အဦး ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရပါဘူး။
မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပုဂံ၊ ပခုက္ကူစတဲ့ဒေသတွေကို ဗဟိုပြုပြီး ငလျင်ကြီးတွေ လှုပ်ခဲ့ဖူးကြောင်၊ ငလျင်လှုပ်စေနိုင်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောအကြောင်း ပညာရှင်တွေနဲ့ စာရေးဆရာတွေက မဂ္ဂဇင်းတွေမှာ ရေးသားဖော်ပြဖူးကြောင်း စာရေးဆရာ ကြည်မောင်ခင်က ပြောပါတယ်။
“အဲဒီပြတ်ရွှေ့ကျောက တော်တော်လေးရှည်တယ်။ ကောင်းကင်ဂြိုဟ်တုက ရိုက်တဲ့ဓာတ်ပုံမှာ မြင်နိုင်ပါတယ်။ အခု တံတားဦးလေဆိပ်ဆိုတာလည်း ဒီပြတ်ရွှေ့ကျောပေါ်မှာပဲ ရှိပြီးတော့ ဟိုအောက် ပျဉ်းမနားအထိအောင် ရောက်တယ်ထင်တယ်။”
ငလျင်ဘေးဟာ မုန်တိုင်းဘေးထက်တောင် စိုးရိမ်သင့်တာကြောင့် ဘူမိဘေဒပညာရှင်များရဲ့ ပြောကြားချက်ကို နားထောင်သင့်တယ်လို့လည်း ရည်ညွန်းအကြံပြုပါတယ်။
“စစ်ကိုင်းပြတ်ရွှေ့ကျောကို အကြောင်းပြုပြီးတော့ ငလျင်အကြီးအကျယ် လှုပ်မယ်ဆိုရင် ကျနော်တိုတွေ ဘယ်လို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်မတုန်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်မတုန်းဆိုတာ ပိုပြီးတော့ ပြင်ကြဆင်ကြသင်တ့တယ်လို့ ကျနော်ထင်တယ်။”
အထက်အညာမှာ အမွှေးတိုင်လုပ်ငန်းအတွက် မန်းကျည်းပင်စတဲ့အပင်ကြီးတွေ ခုတ်လှဲခံနေရတဲ့အရေးဟာလည်း သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းစေမယ့် အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ မြန်မာပြည့်အတွက်လည်း စိတ်ပူဖို့ကောင်းတယ်လို့ မုန်းတိုင်းဒဏ်ခံလိုက်ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို နမူနာယူပြီး ထောက်ပြသူတွေရှိပါတယ်။
အမွှေးတိုင်းလုပ်ငန်းကြောင့် သစ်ပင်ကြီးတွေ ပြုန်းတီးနေတာနဲ့ပသတ်သက်လို့ လူထုဒေါ်အမာ၊ ကြည်မောင်ခင်စတဲ့ သတင်းစာဆရာ၊ စာရေးဆရာတွေက သတိပေးရေးသားဖူးပါတယ်။

မြန်မာပြည်တွင် လှုပ်ခဲ့ဘူးသော ငလျင်ကြီးအချို့---
၁၈၃၉ မတ်လ ၂၃-အင်းဝငလျင်၊ မင်းကွန်းပုထိုးတော်ကြီး ပျက်စီး။
၁၉၂၇ ဇူလိုင်လ ၅ -ပဲခူးငလျင်၊ ရွှေမော်ဓောစေတီတော် ပျက်စီး။
၁၉၃၀ မေလ ၅- ပဲခူးငလျင်၊ လူ ၅၀၀နှင့် အဆောက်အဦးများ ပျက်စီး။ လူသေလူပျောက်ရှိခဲ့။
ဤငလျင်ကြောင့် ရန်ကုန်မြို့၌လည်း အဆောက်အဥိးများ ပျက်စီး၊ လူအသေအပျောက်ရှိခဲ့။
၁၉၇၅-ပုဂံငလျင်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ ပျက်စီး။

....\\\သတိ///....
ဘူမိဘေဒပညာရှင်တွေရဲ့ သတင်းကို...မပေါ့ဆဖို့ လိုပါသည်...ကြိုတင်ပြင်ဆင်ဖို့ လိုပါသည်...

DVBသတင်းမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဖတ်လိုက ကလစ်ပါ...