မိခင်ရဲ့မေတ္တာကျေးဇူးဂုဏ်ကို..ဂုဏ်အမျိုးမျိုးတင်ပြီး ရေးကြ/ဖွဲ့ကြ/ဖော်ပြကြပါတယ်။
ဒါပေမယ့် မိခင်မေတ္တာသည့် ရေးဖွဲ့ပြလို့ကုန်မယ် မထင်ပါဘူး။
ရေးဖွဲ့မကုန် မိခင်ကျေးဇူးဂုဏ်ကို..ဖော်ပြနိုင်သလောက်..ရေးဖွဲ့ထားသော..
မိခင်ဂုဏ်ကျေးဇူးကို ဖွဲ့ဆိုထားသော..ကဗျာများကို...
မိမိသားငယ်၏ ကောင်းမွန်သော ကံကြမ္မာကို
ပီတိဖြစ်နေသော မိခင်လောက် ပျော်ရွှင်သူသည်
လောက၌မရှိ။
မိခင်သည် မည်သူ့နေရာမဆို အစားဝင်နိုင်သော်လည်း
သူ့နေရာကို မည်သူမျှ အစားမ၀င်နိုင်။
ကမ္ဘာလောကကြီးအား လက်ရှိ မကောင်းသော
အဖြေအနေများမှ ကင်းစင် ပပျောက်အောင်
ပြုပြင်လိုလျှင် မိခင်များနှင့်သာ
စတင် လုပ်ဆောင်ကြရမည်။
အလွန်ကျယ်ပြန့်သော အတိုင်းအဆမရှိသော
စကြာဝဠာသည် မိဘမေတ္တာနှင့်နှိုင်းစာပါက
အပ်နဖားလောက် ပမာဏသာရှိပေသည်။
ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်သော
မြင့်မိုရ်တောင်သည် မိဘမေတ္တာနှင့် နှိုင်းစာပါက
နွားချို ပမာဏသာရှိလေသည်။
ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီမြေကြီးသည် မိဘမေတ္တာနှင့် နှိုင်းယှဉ်လိုက်ပါက
ဝါးရွက်ငယ်တမျှသာ ရှိပေသည်။
မိခင်မေတ္တာဆိုသော စကားပုဒ်သည်
သာယာချမ်းမြေ့မှု အ၀၀ကို စုစည်းထား၏။
အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် မိဘမေတ္တာနှင့် နှိုင်းစာပါက မိုးရေတစ်စက်မျှလောက်သာ ဖြစ်ပေ၏။
မြင့်မြတ်ကြီးမားသော ကြင်နာခြင်းတရားသည် မိခင်တို့၌ ထာဝစဉ် တည်ရှိနေမည်ဖြစ်သော တုနှိုင်းမရသည့် ဂုဏ်ပုဒ်တစ်ခုပင်ဖြစ်သည်။
ကျွန်ုပ်နှင့် ကျွန်ုပ် အောင်မြင်မှုသည် ကျွန်ုပ်မိခင်၏
ကျေးဇူးတရားများသာ ဖြစ်ပေသည်။
တေးကဗျာတို့အနက် အမေ့အကြောင်းကို သီဖွဲ့သော
တေးကဗျာတို့သည် အသာယာဆုံး ဖြစ်သည်။
မိခင်တို့၏ နှလုံးသားသည် ကလေးငယ်များ၏
ဘ၀သင်ခန်းစာများပင် ဖြစ်သည်။
အမေမရှိသည့်နန်းတော်ထက် ပိုမိုကြီးကျယ်သည့်
အဆောက်အအုံသည် အိမ်မဟုတ်၊
အမေမရှိသော တစ်ဖတ်ယပ်တဲသည်သာ နေအိမ်ဖြစ်သည်။
Showing posts with label မိခင်မေတ္တာ. Show all posts
Showing posts with label မိခင်မေတ္တာ. Show all posts
Tuesday, April 29, 2008
မိခင်မေတ္တာ
Labels:
မိခင်မေတ္တာ
Subscribe to:
Posts (Atom)
