mother's son: ဘယ်လို ရင်ဆိုင်မလဲ

Saturday, May 3, 2008

ဘယ်လို ရင်ဆိုင်မလဲ

နေ့စဉ်တွေ့ ကြုံနေရတဲ့ အခက်အခဲတွေကို ဘယ်လိုစိတ်ထားပြီ ဖြေရင်မလဲ စသည်စသည်..

သူ့ဘာသာသူ ဆရာဝန်ကြီးပဲ ဖြစ်နေနေ၊ အင်ဂျင်နီယာကြီး၊ သူဌေးကြီးပဲ၊ ကုမ္ပဏီပိုင်ရှင်ကြီးပဲဖြစ်နေနေ သူနဲ့ ဆက်ဆံရတာ စိတ်မချမ်းသာဘူးဆိုရင် အဲဒီလူဟာ လူ့အသိုင်းအဝိုင်းအတွင်းမှာ အရှုံးပေါ်နေတဲ့လူ၊ ကျဆုံးနေတဲ့လူပါပဲ။

“လူကောင်း”ဆိုတာက ရှိပြီးသားအခြေအနေ တစ်စုံတစ်ရာကို မပျက်စီးမယိုယွင်းအောင် ထိန်းသိမ်းနိုင်တဲ့ သူကို ခေါ်တာပါ။
“လူတော်”ဆိုတာကတော လက်ရှိအခြေ အနေကနေ ထိုးထွက်ဖန်တီးနိုင်တဲ့ သူကို ခေါ်တာပါ။

အလုပ်သမားကောင်းဆိုတာက အလုပ်ကို စမတ်ကျကျ (Smart)လုပ်နိုင်တဲ့လူ၊
ထိထိရောက်ရောက် (Effective)ဖြစ်အောင် လုပ်နိုင်တဲ့ လူကို ခေါ်ခြင်းဖြစ်ပါတယ်။

တကယ်ဆိုရင် ဒုက္ခတွေကို ရင်ဆိုင်တဲ့နည်းက သိပ်အဆန်းတကြယ်၊
ခက်ခက်ခဲခဲ ရှိလှတာမဟုတ်ပါဘူး။ “ကကြီး”ဒုက္ခနဲ့ကြုံရင် “ကကြီး”ကို ရေးချလိုက်။
“ခခွေး”ဒုက္ခနဲ့ ကြုံတဲ့အခါ “ခခွေး”ကို ရေးချလိုက်ရုံပါပဲ။

ပြဿနာဖြေရှင်းပုံ (problem Solving) နှစ်မျိုးရှိမယ်…လို့ပြောကြ/ဆိုကြတယ်။ တစ်မျိုးက ပြဿနာကို အဓိကထားတဲ့နည်း (Problem-Originated Method)ပါ။ နောက်တစ်မျိုးကတော့…အဖြေကို အဓိကထားတဲ့နည်း (Solution-Originated Method)ပါ။ ကိုယ့်ပြဿနာ ဘယ်နည်းနဲ့ ဖြေရှင်းရမလဲဆိုတာ..ကိုယ်တိုင်ပဲ သိမှာပါ။

ပစ္စည်းဥစ္စာ မပြည့်စုံတဲ့လူက ပစ္စည်းဥစ္စာကို မက်မက်မောမော် အပြေးအလွားရှာတယ်။ တစ်ချို့က အတိတ်ကံ မကောင်းလို့ ဆိုပြီး ကိုယ်မမြင်မသိ နားမလည်တဲ့ ဘဝတစ်ခုကို တရားခံရှာ၊ အပြစ်ပုံချတယ်၊ နောက်ဘဝ မှာ ကောင်းဖို့ဆိုပြီး မျှော်လင့်ချက်နဲ့ တည်ဆောက်တယ်။ အဲဒီမှာ..သူ့စိတ်ရဲ့ ချမ်းသာမှုကို ရှာတယ်။ တစ်ချို့ကလည်း ဘုရားသခင်က မပေးလို့ဆိုပြီး ဘုရားသခင်က ဒဏ်တပ်တာဆိုပြီး ဘုရားသခင်ကို တိုင်တည်တယ်။ တကယ်တော့ အဖက်ဖက်က ပြည့်စုံမှ ဖြစ်တာပါ။ အကြောင်းကောင်းမှ အကျိုးကောင်းမယ်ပေါ့။
ပစ္စည်းဥစ္စာ ပြည့်စုံတဲ့လူကလည်း စိတ်ရဲ့ ချမ်းသားမှုကို ရှာတာပါပဲ။ သူကျတော့ ထွက်ပြေးတဲ့နည်းနဲ့ ရှာတယ်။ စည်းစိမ်ဥစ္စာတွေကို စွန့်လွတ်မယ်၊ တော တောင်ထဲသွားတရားထိုင်မယ်..စသဖြင့်ပေါ့။

No comments: