mother's son: မေမေ့မွေးနေ့

Friday, May 2, 2008

မေမေ့မွေးနေ့



ဒီနေ့မေမေ့မွေးနေ့ဆိုတော့..မေမေ့သည် ဖုန်းဆက်ပြီး..မွေးနေ့ဆုမွန်စကားပြောဖြစ်ပါတယ်။ မြန်မာစကားမဟုတ်တဲ့ ကမ္ဘာ့သုံးစကား “Happy Birthday MOM!”ပဲပေါ့။
မေမေ့မွေးနေ့မှာ မေမေကျင်းပတဲ့ မွေးနေ့ပါတီကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်း ..ဘုန်းကြီး-၅-ပါးကို ဆွမ်းကပ်လှူတယ်၊ ဆရာတော်ကြီးရဲ့ မွေးနေ့အကြောင်းတရားတော်ကို နာယူမှတ်သားတယ်။ အဲဒီကုသိုလ်တွေကို အမေ့သားလေးကိုလည်း
ဝမ်းသာစကား အဖြစ်ပြောပြပါတယ်။
ကျွန်တော်လည်း မေမေ့မွေးနေ့မှာ မေမေလှူဒါန်းတဲ့ ကုသိုလ်ကို ဝမ်းသာအားရ..သာဓုခေါ်ရတာပေါ့။
အမေ့သားလေး..မေမေနဲ့အလ္လာပသလ္လာပစကားလေးတွေပြောပြီး...မေမေနဲ့သားလေး ဖုန်းရပ်ခါနီး..ပြောလေ့ရှိတဲ့..အပြန်အလှန် မေတ္တာပို့ကြတာပေါ့။
ဒီနေ့ ကျွန်တော်က ထူးထူးခြားခြား မေမေ့ကို မေတ္တာပို့ပေးလိုက်တာက..မေမေကျန်းမာ ချမ်းသာ အနာကင်းဝေးစွာ..အသက်ရာကျော်ရှည်ပြီး အမျိုးဘာသာအတွက် မေမေတက်နိုင်တဲ့နေရာကနေ ထန်းဆောင်နိုင်ပါစေလို့..မေတ္တာပို့လိုက်ပါတယ်။
မေမေ!!!! မေမေ့ကို အသက်ရာကျော်ရှည်စေချင်တာက..မေမေ့ကို သားလေးအတွက် အလုပ်-လုပ်ခိုင်းမလို့ မဟုတ်ပါဘူးလို့ ပြောလိုက်တော့..မေမေကရယ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မေမေအသက်တစ်နှစ်ကြီးသွားပြန်ပါပြီ။ မေမေ့ကို..ပြန်လည် ပြုစုလုပ်ကျွေးနိုင်ဖို့..ကျွန်တော်..ဆက်လက်ကြိုးစားရမည်။
မိဘကို လုပ်ကျွေးပြုစုရမည့်တာဝန် ကျွန်တော်တစ်တွေသန္တာန်မှာ ရှိတယ်ဆိုတာ နှလုံးသားမှာ..အမြဲကိန်းဝပ်ထားရပါမယ်။

No comments: